About Us

၁။ သင်းအုပ်၏ အမှာစကား Pastor’s Message 
၂။ ကျွန်ုပ်တို့၏ ယုံကြည်ချက် Our Belifes 
၃။ အသင်းတော် တာဝန်ရှိအမှုတော်ဆောင်များ Church Leaders
၄။ အသင်းတော် သမိုင်းအကျဉ်း Brief Church History
၅။ အသင်းတော် အချက်အလက်များ Church's Information
၆။ မိသားစုဓါတ်ပုံများ Family Album


ချစ်လှစွာသော Fort Wayne United SDA အသင်းသူ၊ အသင်းသားများခင်ဗျာ၊

ကျွန်ုပ်တို့၏သခင်ယေရှုခရစ်တော်ထံတော်မှ ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်တို့အပေါ်၌ ရှိပါစေသော။

သင်တို့၏သင်းအုပ်ဆရာအနေဖြင့်၊ သင်တို့တစ်ဦးစီကြောင့် ဘုရားသခင်အား ကျေးဇူးတင်ဂုဏ်ပြုသောစိတ်ဖြင့် ကျွန်ုပ်၏နှလုံးသားသည် ပြည့်လျှံလျက်ရှိပါသည်။ ဤစည်းလုံးညီညွတ်သော ယုံကြည်သူမိသားစုမှာ သင်တို့နှင့်အတူ အမှုတော်ဆောင်ရသည်မှာ အမှန်ပင် အခွင့်ထူးတစ်ရပ်ဖြစ်ပါသည်။ သင်းအုပ်အတွက် သင်တို့၏ ဆက်လက်သော ဆုတောင်းခြင်း၊ မေတ္တာနှင့် သစ္စာရှိသော ပံ့ပိုးကူညီမှုအတွက် စိတ်နှလုံးထဲမှ ကျေးဇူးတင်ရှိပါသည်။ သင်တို့၏ကရုဏာ နှင့် အားပေးမှုသည် ကျွန်ုပ်တို့မိသားစုအတွက် သင်တို့ထင်သည်ထက် များစွာသော ခွန်အားဖြစ်စေပါသည်။

နောက်ဆုံးသောနေ့ရက်များ၌၊ သခင်ဘုရားသည် ကျွန်ုပ်တို့အား ကိုယ်တော်နှင့်လည်းကောင်း၊ တစ်ဦးကိုတစ်ဦး လည်းကောင်းပိုမိုရင်းနှီးသော မိသဟာရရှိရန် ခေါ်တော်မူပါသည်။ ရွှေပညတ်အရ ဘုရားသခင်ကို စိတ်နှလုံး အကြွင်းမဲ့၊ ကိုယ်စွမ်းရှိသမျှ၊ ဉာဏ်စွမ်းရှိသမျှနဲ့ချစ်ဖို့အပြင်၊ ကိုယ်နှင့်စပ်ဆိုင်သူကိုလည်း ကိုယ်နှင့်အမျှ ချစ်ရန် ဖြစ်ကြောင်း ယေရှုသတိပေးတော်မူပါသည် (မဿဲ ၂၂:၃၇–၃၉)။ Fort Wayne United SDA အသင်းတော် ၌၊ ဤချစ်ခြင်းမေတ္တာသည် ကျွန်ုပ်တို့ပြုလေရာရာ၏ အုတ်မြစ်ဖြစ်ရပါမည်။

နေ့စဉ်ဆုတောင်းခြင်း၊ ကိုယ်တော်၏နှုတ်ကပတ်တော်ကို သစ္စာရှိစွာ လေ့လာခြင်းနှင့် ကိုယ်တော်၏အလိုတော်ကို ဝမ်းမြောက်စွာ နာခံခြင်းအားဖြင့် ဘုရားသခင်အပေါ်ထားရှိသော ကျွန်ုပ်တို့၏ မေတ္တာကို တောက်လောင်နေစေရန် တစ်ဦးစီကို ကျွန်ုပ်တိုက်တွန်းအပ်ပါသည်။ တစ်ချိန်တည်းမှာပင်၊ အချင်းချင်း စစ်မှန်သော မေတ္တာကို ပြကြပါစို့။ မတူညီသော လူမျိုးစုများစွာမှ ညီအစ်ကိုမောင်နှမများဖြင့် ကောင်းချီးခံစားရသော အသင်းတော်တစ်ခုတွင်၊ စစ်မှန်သော စည်းလုံးညီညွတ်မှုသည် ဤလောကအတွက် အားကောင်းသော သက်သေဖြစ်သည်။ လူများစုသည် ကျွန်ုပ်တို့၏ လူနည်းစုအုပ်စုများကို ချစ်ခင်ကြင်နာစွာ ဖက်တွယ်ပြီး ဂရုစိုက်ပါစေ၊ မည်သူတစ်ဦးတစ်ယောက်မျှ ဘေးဖယ်ခြင်း သို့မဟုတ် လျစ်လျူရှုခြင်းခံရခြင်း မရှိစေရန် သေချာစေပါ။ အချင်းချင်း နှိမ့်ချစွာ နားထောင်ကြပါစို့၊ အချင်းချင်း၏ ဝန်ထုပ်ဝန်ပိုးများကို ထမ်းကြပါစို့၊ ယုံကြည်ခြင်း၌ အချင်းချင်း ကြီးပွားတိုးတက်စေရန် ကူညီကြပါစို့။

ကျွန်ုပ်တို့ အသင်းတော်ခေါင်းဆောင်များ၏ အကြံဉာဏ်ကို နာခံခြင်း၏ ကောင်းချီးကိုလည်း ကျွန်ုပ်နူးညံ့စွာ သတိပေးအပ်ပါသည်။ ခရစ်တော်၏ကိုယ်ခန္ဓာကို တည်ဆောက်ရန်အတွက် ဘုရားသခင်သည် ကျွန်ုပ်တို့ကြားတွင် ခေါင်းဆောင်များကို ခန့်အပ်ထားတော်မူပါသည်။ ကျွန်ုပ်တို့သည် ပွင့်လင်းသောနှလုံးသားဖြင့် နာခံပြီး ညီညွတ်စွာ လျှောက်လှမ်းသောအခါ၊ အသင်းတော်သည် ခိုင်ခံ့လာပြီး ၎င်း၏တာဝန်ကို ပိုမိုထိရောက်လာသည်။

ကျွန်ုပ်တို့၏ချစ်လှစွာသော လူငယ်များခင်ဗျာ - သင်တို့သည် အနာဂတ်ကြယ်ပွင့်မျှသာ မဟုတ်ပါ။ သင်တို့သည် ယနေ့အသင်းတော်၏ အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်နေသည်။ သင်တို့၏ အလားအလာ၊ စွမ်းအင်၊ ယေရှုအပေါ်ထားရှိသော မေတ္တာကို ကျွန်ုပ်တို့မြင်ရပါသည်။ သင်တို့သည် Fort Wayne United SDA အသင်းတော်၏ မစ်ရှင်ကို ဆက်လက်ထမ်းဆောင်မည့် သစ္စာရှိသော ခေါင်းဆောင်များအဖြစ် ကြီးထွားလာစေရန်၊ သင်တို့နှင့်အတူလျှောက်လှမ်းရန်၊ သင်တို့ကို လေ့ကျင့်ပေးရန်နှင့် ပံ့ပိုးရန် သင်းအုပ်အဖွဲ့နှင့် အသင်းတော်ခေါင်းဆောင်များသည် ကတိပြုထားပါသည်။ သင်တို့သည် တန်ဖိုးထားခြင်းခံရပြီး၊ ချစ်ခြင်းခံရကာ၊ ဤနေရာတွင် လိုအပ်ကြောင်း သိမှတ်ပါလေ။

နောက်ဆုံးအနေဖြင့်၊ ကျွန်ုပ်တို့၏သခင်ယေရှုခရစ်တော်၏ ကြွလာခြင်းသည် အလွန်နီးကပ် သထက်နီးကပ်နေပြီဖြစ်ကြောင်း သတိရကြပါစို့။ ခေတ်ကာလ၏နိမိတ်လက္ခဏာများသည် ကိုယ်တော်၏ပြန်လာမည့်အချိန်သည် မကြာမီဖြစ်သည်ကို ကျွန်ုပ်တို့အား ပြောပြသည်။ ဤမင်္ဂလာရှိသော မျှော်လင့်ခြင်း၏အလင်းတွင်၊ ကျွန်ုပ်တို့သည် သစ္စာရှိရှိ၊ စောင့်ကြပ်လျက်၊ အသင့်ရှိနေကြပါစို့။ ကိုယ်တော်အား အကြွင်းမဲ့အပ်နှံထားသောနှလုံးသားဖြင့် နေ့တိုင်းနေထိုင်ကြပါစို့၊ မေတ္တာဖြင့် အချင်းချင်း အမှုဆောင်ကြပါစို့၊ ကျွန်ုပ်တို့၏ အသိုင်းအဝိုင်း၌ အလင်းများအဖြစ် ထွန်းလင်းကြပါစို့။

သခင်ဘုရားသည် ကျွန်ုပ်တို့အား ကိုယ်တော်၌ မိသားစုတစ်စုအဖြစ် ဆက်လက်စည်းလုံးစေတော်မူပါစေ၊ ကိုယ်တော်၏ အံ့ဖွယ်ကျေးဇူးတော်ဖြင့် ချည်နှောင်ထားခြင်းခံရပါစေ။

သင်တို့၏ကျေးဇူးကိုရေတွက်ရင်း၊ သင်းအုပ်ဆိုင်ရာ မေတ္တာဖြင့်၊

သင်တို့၏သင်းအုပ်ဆရာ
Suan Lian Kham


Dear Beloved Members of the Fort Wayne United SDA Church,

Grace and peace to you from our Lord and Savior Jesus Christ.

As your pastor, my heart overflows with gratitude to God for each one of you. It is a true privilege to serve alongside you in this united family of faith. Thank you, from the bottom of my heart, for your continued prayers, love, and faithful support for the pastoral team. Your kindness and encouragement strengthen us more than you know.

In these last days, the Lord is calling us to draw closer to Him and to one another. Jesus reminds us that the greatest commandments are to love the Lord our God with all our heart, soul, and mind, and to love our neighbor as ourselves (Matthew 22:37–39). At Fort Wayne United SDA Church, this love must be the foundation of everything we do.

I encourage each of us to keep our love for God burning brightly through daily prayer, faithful study of His Word, and joyful obedience to His will. At the same time, let us show genuine love to one another. In a church blessed with brothers and sisters from many different ethnic backgrounds, true unity is a powerful witness to the world. Let the majority lovingly embrace and care for our minority groups, making sure no one feels left out or overlooked. Let us listen humbly to one another, bear one another’s burdens, and help each other grow in faith.

I also gently remind us of the blessing of heeding the counsel of our church leaders. God has placed leaders among us for the building up of the body of Christ. When we listen with open hearts and walk together in unity, the church becomes stronger and more effective in its mission.

To our dear young people: you are not the church of tomorrow—you are an important part of the church today. We see your potential, your energy, and your love for Jesus. The pastoral team and church leaders are committed to walking with you, training you, and supporting you so that you may grow into faithful leaders who will carry forward the mission of the Fort Wayne United SDA Church. Please know that you are valued, loved, and needed here.

Finally, let us remember that the coming of our Lord Jesus Christ is very near. The signs of the times tell us that His return is soon. In light of this blessed hope, may we remain faithful, watchful, and ready. Let us live each day with hearts fully surrendered to Him, serving one another in love, and shining as lights in our community.

May the Lord continue to unite us as one family in Him, bound together by His amazing grace.

With humble gratitude and pastoral love,

Your Pastor Suan Lian Kham United SDA Church

Comments

Popular posts from this blog

2026 Church Officers